A Decade of Experience. A New Beginning.
ကျွန်ုပ်တို့၏ အထည်လုပ်ငန်းခရီးစဉ်ကို ၂၀၁၆ ခုနှစ်တွင် စတင်၍ အတွေ့အကြုံများ၊ လက်တွေ့သင်ယူမှုများနှင့် အထည်အလိပ်လုပ်ငန်းအပေါ် နားလည်မှုများကို တစ်ဆင့်ချင်း တည်ဆောက်လာခဲ့ပါသည်။
ဆယ်စုနှစ်တစ်ခုကြာ အတွေ့အကြုံများကို အခြေခံ၍ ၂၀၂၆ ခုနှစ်တွင် PANNANDIN (ပန်နန်းဒင်) အမည်ဖြင့် ခရီးစဉ်အသစ်တစ်ခုကို စတင်ခဲ့ပါသည်။ ပန်နန်းဒင်သည် ကျွန်ုပ်တို့၏ အတိတ်ခရီးစဉ်မှ ရရှိခဲ့သော အတွေ့အကြုံများ၊ အနာဂတ်အတွက် မျှော်မှန်းချက်များနှင့် အရည်အသွေးကို တန်ဖိုးထားသော ခံယူချက်များကို ပေါင်းစပ်ထားသည့် အမှတ်တံဆိပ်တစ်ခုဖြစ်ပါသည်။
ကျွန်ုပ်တို့အတွက် အဝတ်အထည်ဆိုသည်မှာ ဝတ်ဆင်ရုံသက်သက်မဟုတ်ပါ။ မိမိကိုယ်ကို ဖော်ပြခြင်း၊ သက်သောင့်သက်သာရှိခြင်းနှင့် နေ့စဉ်ဘဝတွင် ယုံကြည်မှုရှိရှိ ရှင်သန်နိုင်ခြင်းတို့နှင့်လည်း သက်ဆိုင်ပါသည်။ ထို့ကြောင့် ပန်နန်းဒင်သည် ဒီဇိုင်း၏ အလှတရား၊ ဝတ်ဆင်မှု၏ သက်သောင့်သက်သာရှိမှုနှင့် လက်ရာအရည်အသွေးတို့ကို အလေးထားပါသည်။
ပန်နန်းဒင်၏ ဇာတ်လမ်းသည် အမှတ်တံဆိပ်အသစ်တစ်ခုကို စတင်ခြင်းမျှသာ မဟုတ်ပါ။ ဆယ်နှစ်တာ အတွေ့အကြုံများကို တန်ဖိုးရှိသော အရာတစ်ခုအဖြစ် ပြောင်းလဲတည်ဆောက်ခြင်းဖြစ်ပါသည်။ စေတနာဖြင့် ဖန်တီးပြီး ခိုင်မာသော ရည်ရွယ်ချက်ဖြင့် ရှေ့ဆက်ကာ ကျွန်ုပ်တို့ကို ရွေးချယ်အားပေးသူများနှင့်အတူ တိုးတက်ကြီးထွားသွားရန် ရည်မှန်းထားပါသည်။
အရည်အသွေး၊ ထုတ်လုပ်မှု တစ်သမတ်တည်းဖြစ်မှု၊ စနစ်ကျသော Production Management နှင့် ကောင်းမွန်သော Customer Relationship တို့ဖြင့် ယုံကြည်စိတ်ချရသော ထိပ်တန်းအထည်ချုပ်ထုတ်လုပ်ရေးလုပ်ငန်း တစ်ခုဖြစ်လာရန်။
ကျွမ်းကျင်လုပ်သားများ၊ စနစ်ကျသော Production Control နှင့် Continuous Quality Improvement တို့ကို ပေါင်းစပ်၍ Customer များအတွက် အရည်အသွေးမြင့်မားပြီး ယုံကြည်စိတ်ချရသော Garment Manufacturing Service ကို ပေးအပ်ရန်။